CoronaHelp MM

CoronaHelp MM

Let's Fight Together Myanmar

စောင့်ကြည့်/သံသယ လူနာစာရင်း

COVID-19 Myanmar Surveillance Dashboard by Ko Nyein Chan Ko Ko

About Us

Corona Help Myanmar အဖွဲ့အစည်းသည် မြန်မာနိုင်ငံရှိ လူငယ်နည်းပညာရှင် အတတ်ပညာရှင် Volunteer များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတခုဖြစ်ပြီး မိဘပြည်သူများထံသို့ သတင်းမှန်များ ပြန်ပွာ့ရေး၊ အချိန်နဲ့တပြေးညီ တိကျမှန်ကန်သော အချက်အလက်များရရှိနိုင်ရေး၊ ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ချက်များ ၊ WHO မှာ ထုတ်ပြန်ချက်များ၊ စစ်မှန်သော သတင်းမီဒီယာများမှ သတင်းစဉ်များကို အလွယ်တကူ ဖတ်ရှူနိုင်ရန် ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းဖြစ်ပါသည်။ မိဘပြည်သူများအတွက် Mobile Application ၊ Chat Bot ၊ Website များမှတဆင့် သတင်းမှန်များ၊ အချက်အလက်များကို စုဆောင်းတင်ပြပေးမည့် လူငယ်အဖွဲ့အစည်းတခုဖြစ်ပါသည်။ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း ထောက်ပံ့ပေးမည့် အဖွဲ့အစည်းတခုလည်းဖြစ်ပါသည်။

Who we are

Kaung Thant Lwin
Starter
Facebook
Khant Naing Set
Mobile App Developer
Facebook
Nay Lin Aung
Chat Bot Developer
Facebook
Soe Thura
Web Developer
Facebook
Nyi Nyi Lwin
Developer
Facebook
Alexander Htun
Volunteer
Facebook
Nyan Lin
Web Developer
Ma Aye Hnin Khine
Volunteer Head
Tin Latt Nandar
Data Volunteer
Twaltar Min Oo
Data Volunteer
Mo Sue
Data Volunteer
Kyawt Kyawt Zin
Volunteer

၂၈.၃.၂၀၂၀ သတင်းစဉ်များ

သတင်းအမှတ်စဉ် ၁။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ COVID-19 ကာကွယ်ရန် ပိုးသတ်ဆေးနှင့် အသေးစိတ်သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး Terminal 1 နှင့် Terminal 3 ရှိ ဂိတ်အချို့နှင့် Sky Link ကို ယာယီ ပိတ်ထားမည် သတင်းအမှတ်စဉ် ၂။ COVID-19 ကာကွယ်ရေးအတွက် မြိတ်မြို့တွင် ကျန်းမာရေးအထောက်အကူပြုယာဉ်တစ်စီးကို စတင်တီထွင်ထားပြီး တခြားမြို့များ လိုအပ်လာပါက အခမဲ့တပ်ဆင်ကူညီပေးမည်ဖြစ်ကြောင်း သိရ သတင်းအမှတ်စဉ် ၃။ ကိုရိုနာဗိုင်းရပ်စ်နှင့် အစိုးရတို့၏ လုပ်ဆောင်ချက် သတင်းအမှတ်စဉ် ၄။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ပိုးရှိ လူနာ ရှစ်ဦးဖြစ်လာ သတင်းအမှတ်စဉ် ၅။ ကိုဗစ်-၁၉ ကြောက် ပိုင်ရှင်များက အဆောင်နေ ဆရာဝန်၊ …

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၈-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၇-၃-၂၀၂၀) ရက်နေ့၊ ည (၁၁:၀၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၆၂)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၃) ဦး၏ ဓာတ်ခွဲအဖြေ များတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၉) ဦး၏ ဓာတ်ခွဲအဖြေများ တွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။ ၂။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် (၂၉) နှစ်အရွယ် အမျိုးသား (၁) ဦး သည် …

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၅) ဦး သွားလာခဲ့သော ခရီးလမ်းကြောင်းများအား ဖော်ပြအပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား သည့် ဓာတ်ခွဲအတည်ပြု COVID-19 လူနာနှင့် ထိတွေ့နီးကပ်မှုရှိခဲ့သူများ၊ ယာဉ်တစ်စီးတည်းအတူတကွစီးနင်းခဲ့သူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဌာနနှင့် အနီးဆုံး ကျန်းမာရေးဌာနသို့ မဖြစ်မနေ အမြန်ဆုံးသတင်းပို့ပါ။နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၇) ရက်C-1 ဓာတ်ခွဲအတည်ပြုလူနာအသက် (၃၆) နှစ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့ (တီးတိန်ဆေးရုံ)- အဆိုပါလူနာသည် ၎င်း၏မိခင်နှင့်အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှ (၁၃-၃-၂၀၂၀) ရက်နေ့မှ American Airways (AA 3269) ဖြင့် Chicago သို့လည်းကောင်း၊ Chicago မှ Doha သို့ Qatar Airways (Qatar 726) ဖြင့်လည်းကောင်းထွက်ခွာခဲ့ပါသည်။- (၁၄-၃-၂၀၂၀) …

၂၇.၃.၂၀၂၀ သတင်းစဉ်များ

ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ခဲ့သော COVID-19 လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ဆရာဝန်၊ သူနာပြုများနှင့် အထွေထွေလုပ်သားများကို ဝေဘာဂီအထူးကုဆေးရုံကြီးတွင် Quarantine ပြုလုပ် COVID-19 ရောဂါပိုးတွေ့ရှိသူ နေထိုင်ခဲ့သည့် တောင်ဥက္ကလာပမြို့နယ်ရှိ ခြောက်ထပ်တိုက် တစ်ခုလုံးအား Home Quarantine ပြုလုပ် ရောဂါဖြစ်ပွားရာ နိုင်ငံများမှ ပြန်လာသူများကို ခွဲခြားဆက်ဆံပါက နောက်ဆက်တွဲအန္တရာယ်နှင့် ဆိုးကျိုးဖြစ်ပွားနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးပြော COVID-19 ထိန်းချုပ်ရေးလုပ်ငန်းအစီအစဉ်များ မွမ်းမံရေးဆွဲပြီး၍ ဆေးရုံများ၊ တိုင်းနှင့်ပြည်နယ်များသို့ ဖြန့်ဝေမည် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ သီတဂူဆေးရုံပေါင်း ၄၀ ကျော်ကို COVID-19 ရောဂါ စောင့်ကြည့် နေရာများအဖြစ် အသုံးပြုလိုပါက ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ သီတဂူ သာသနာပြုအဖွဲ့ ထုတ်ပြန် COVID-19 ရောဂါ …

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၇-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။၂။ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂၆-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၈) ဦး ရှိပါသည်။ ၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၆-၃-၂၀၂၀) ရက်နေ့၊ ည ဓာတ်ခွဲ စစ်ဆေးမှု အဖြေများအရ စောင့်ကြည့်လူနာ (၂) ဦးတွင် COVID-19 ရောဂါပိုး …

Coronavirus Disease 2019(COVID-19) ကာကွယ်ရေးနှင့်ပတ်သက်၍ စက်ရုံအလုပ်ရုံများသို့ လမ်းညွှန်ချက်

• အလုပ်ရှင်များ အနေဖြင့် ကိုယ်အပူချိန် တိုင်းတာသည့်စက်များ တပ်ဆင်ပေးပြီး ဝန်ထမ်းများအားလုံး ကိုယ်အပူချိန် တိုင်းတာပြီးမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်ပြုပါ။  မိမိတို့၏ဝန်ထမ်းများ စနစ်တကျ လက်‌ဆေးမှုကို အထောက်အကူ ပြုစေရန် လိုအပ်သော ထောက်ပံ့မှုများ(ဆပ်ပြာ၊ ရေ၊ Hand Sanitizer)ကို အလုံအလောက် ရရှိစေရဂဆောင်ရွက်ပေးပါ။  ဝန်ထမ်းများ လက်ဆေးရာ နေရာတိုင်းတွင် စနစ်တကျ လက်ဆေးနည်း ပိုစတာများ ကို ကပ်ထားပေးပြီး စနစ်တကျ လက်ဆေးခြင်း ရှိ/မရှိ ကြီးကြပ်ပါ။  လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာတွင် အလုပ်လုပ်နိုင် စေရန်တတ်နိုင်သမျှ နေရာစီစဉ်ထားရှိပါ။ လူစုလူ‌ဝေးနှင့် လုပ်ကိုင်ခြင်း ရှောင်ကြဉ်ပါ။  စက်ရုံအလုပ်ရုံများတွင် လူစုလူ‌ဝေး​‌​ ပြုလုပ်၍ ကျန်းမာရေး အသိပညာပေးခြင်းကို မပြုလုပ်ပါနှင့်။ ပိုစတာနှင့် လက်ကမ်းစာစောင်များကို သက်ဆိုင်ရာ …

၂၆.၃.၂၀၂၀ သတင်းစဉ်များ

‘‘သူပြန်လာတဲ့အချိန်မှာ သူက အင်္ဂလန်က ပြန်လာတယ်လို့ ပြောခဲ့တာမဟုတ်ဘူး။ ဖောင်ဖြည့်ခဲ့တာမဟုတ်ဘူး။ ထိုင်းက လာတယ်လို့ပဲ ဆိုခဲ့တာ’’ ဒေါက်တာခင်ခင်ကြီးနှင့်ဆက်သွယ်မေးမြန်းချက် အစိုးရဝန်ထမ်းများ ထက်ဝက်သာ ရုံံးတက်ရမည်ဟု သမ္မတရုံးညွှန်ကြား ဖတ်ရန် အင်းစိန်က positive လူနာနဲ့ လေယာဉ်အတူစီးနှင်းလာသူ ကျန်းမာရေးဦးစီးဌာနသို့ လာရောက်စစ်ဆေးခံ ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ခဲ့သော COVID-19 လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ဆရာဝန်၊ သူနာပြုများနှင့် အထွေထွေလုပ်သားများကို ဝေဘာဂီအထူးကုဆေးရုံကြီးတွင် Quarantine ပြုလုပ် COVID-19 ရောဂါပိုးတွေ့ရှိသူ နေထိုင်ခဲ့သည့် တောင်ဥက္ကလာပမြို့နယ်ရှိ ခြောက်ထပ်တိုက် တစ်ခုလုံးအား Home Quarantine ပြုလုပ်

စားသောက်ဆိုင်များ၊ ဟိုတယ်စားသောက်ခန်းမများအတွက် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများ

လုပ်ငန်းခွင်မဝင်မီဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေကို နေ့စဉ်အမြဲစစ်ဆေးပါ။ ခန္ဓာကိုယ်အပူချိန်တိုင်းကိရိယာ (Non-contact Thermometer) ဖြင့်တိုင်းတာပြီး ကိုယ်အပူချိန် ၃၈ / ၁၀ဝ.၄° F အောက်တွင်ရှိမှသာလုပ်ငန်းခွင်သို့ဝင်ရောက်စေပါ။  လုပ်ငန်းခွင်အတွင်း ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်းများနှင့် အားအင်ကုန်ခန်းခြင်းများ ဖြစ်ပေါ်လာပါကနီးစပ်ရာကျန်းမာရေးဌာနသို့သတင်းပို့၍ ဆေးကုသမှုခံယူစေပါ၊ လုပ်ငန်းခွင်မှအနားယူစေပါ။ အစားအသောက် ပြင်ဆင်ကိုင်တွယ်ချက်ပြုတ်သူများအနေဖြင့် ရေနှင့်ဆပ်ပြာအသုံးပြု၍လက်ကိုမကြာခဏစနစ်တကျဆေးကြောပါ။  အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပင်လယ်စာအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို သေချာစွာကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးသူများထံရောင်းချပါ။ စားသုံးသူများအားကိုယ်ခန္ဓာအပူချိန်တိုင်းတာပြီး ကိုယ်ပူချိန် ၃၈° C) ၁၀၀.၄° Fအောက်တွင်ရှိမှသာဆိုင်သို့ဝင်ရောက်စေပါ။ ရေ၊ ဆပ်ပြာနှင့်လက်သန့်စင်ဆေးရည်တို့ကိုထားရှိရန်နှင့်လက်ဆေးရန်နေရာများလုံလောက်အောင်ထားရှိပေးပါ။ ။  ဧည့်သည်များကိုတစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ ၃ပေအကွာခွဲခြားထိုင်စေပါ။ လူစုလူဝေးဖြင့်ရောင်းချခြင်းထက်အိမ်သို့ဝယ်ယူသွားစေခြင်း (Hand-carry) အနေဖြင့်သာဦးစားပေးရောင်းချပါ။ ။  ဝန်ထမ်းများနှင့် ဧည့်သည်များအတွက်လိုအပ်ပါကအသုံးပြုနိုင်ရန် ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း(Surgical …

“ဟိုတယ်နှင့် Facility Quarantine Centre များတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ”

၁။ (Hotel Quarantine Centre) သို့မဟုတ် သတ်မှတ် (Facility Quarantine Centre) များတွင် အသွားအလာ ကန့်သတ်ခြင်း (သို့မဟုတ်) တားမြစ်ခြင်း (Quarantine) ခံရသည့် သူများ အနေဖြင့် လိုက်နာရန်အချက်များ (က) အသွား/အလာကန့်သတ်ခြင်းခံရသည့် သူများအနေဖြင့် မိမိအိပ်ခန်းတွင်သာ နေထိုင်ရမည်။ စားသောက်ခန်းမသို့ သွားရောက်ခြင်း၊ ဧည့်ခန်းသို့ သွားရောက်ခြင်းနှင့် အခြား အခန်းများသို့ သွားရောက်လည်ပတ်ခြင်းနှင့် ပြင်ပသို့ ထွက်ခွာခြင်းများကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ပါ။ (ခ) ကိုယ်အပူချိန်တိုင်းခြင်းနှင့် ကျန်းမာရေးအခြေအနေစစ်ဆေးခြင်းတို့ကို တစ်နေ့ (၂) ကြိမ်ခံယူပါ။ (ဂ) အကယ်၍ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းစသည့်လက္ခဏာများဖြစ်ပေါ်ပါက တာဝန်ရှိသူထံ ချက်ချင်းဆက်သွယ် အကြောင်းကြားပြီး …

COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆေးရုံများတွင် ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရေး

(က) စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ -COVID-19 ရောဂါ နှင့် ပတ်သက်သည့် အချက်အလက်များအား စဉ်ဆက်မပြတ်လေ့လာရန်နှင့် ကျန်းမာရေးဝန်ထမ်းများအားလုံးအား အသိပေးထားရန်၊ -လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများ အားလုံးကို သင်တန်းများ ဆောင်ရွက်ပေးထားရန်၊ -ကျန်းမာရေးဝန်ထမ်းများ Standard Precaution များနှင့် လုပ်ငန်းလမ်းညွှန်များကို လိုက်နာမှု ရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန်၊ -လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား ဖြည့်ဆည်း ထားရန်၊ -ညှိနှိုင်းဆောင်ရွက်ရန်နှင့် တင်ပြရန်၊ လူနာစောင့်များ/ဧည့်သည်များ ဝင်/ထွက်မှုအား စနစ်တကျ ဆောင်ရွက်စေရန်၊ -လူနာ/လူနာစောင့် ဧည့်သည်များအတွက် သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာစေရေး အသိပညာပေးဆောင်ရွက်ရန်၊-ဆေးရုံများတွင် သံသယလူနာများ (Suspected Cases) များ တွေ့ရှိပါက သီးခြားထားရှိရန် အတွက် …